Internal Memory အလွန်နည်းသောဖုန်းများအတွက် SD Card ကို Partition ပိုင်း၍ ခွဲယူနည်း

                                                             

ဒီနည်းလေးက Google ရဲ့ကျေးဇူးနဲ့ 2013 ခုနှစ်ကုန်ပိုင်းလောက်ကတင်ပေးခဲ့တဲ့ Post တစ်ခုဖြစ်ပါတယ်။အခုတော့မိုဘိုင်းလ်လောကထဲမှာအတော်လေးပျံ့နှံ့သွားခဲ့ပါပြီ။

Samsaung Glaxy ACE
ဆိုတဲ့ဖုန်းလေးက Internal Memory 190 MB သာပါ ပါတယ်။App အများကြီးတင်ချင်တဲ့အတွက် ရှာဖွေရင်း ကလိခဲ့တဲ့နည်းပညာလေးဖြစ်ပါတယ်။

အခုတော့ပုံလေးတွေနဲ့ပါပြန်တင်ပေးလိုက်ပါတယ်။ပြန်လည်ဝေမျှသူတွေသတိမထားတဲ့အချက်
တစ်ခုကတော့ Factory Reset ချရင်အဲ့ဒီအပိုင်းကပြသနာကောင်ပါ။သူ့ထဲက Data တွေကိုဖျက်မှရမှာပါ။မဖျက်ရင်အသစ်ပြန်တင်တာတွေနဲ့ရှုပ်ပြီး Error တတ်နိုင်ပါတယ်။
ဖျက်နည်းနှစ်မျိုးရှိပါတယ်။တစ်မျိုးကတော့ Partition ပိုင်းတဲ့ Software နဲ့ဖျက်တာဖြစ်ပြီး ကျန်တစ်မျိုးကတော့ Root Explorer ကနေဖျက်တာပါ။ Root explorer ကနေဖျက်တာပါထည့်ပေးလိုက်ပါတယ်။လွယ်တဲ့အတွက်ပုံမပြတော့ပါဘူး။Root explorer ဖွင့်ပါ။Data ကိုဖွင့်ပါ။
sdext2 ဆိုတာကိုဖွင့်။အကုန်ဖျက်ရမှာပါ(ဒီနည်းကိုသုံးထားပြီးဖုန်း
reset ချရင်ဖျက်ခိုင်းတာပါအခုမဟုတ်ပါဘူး)။
ဒီလိုလေး Partition ပိုင်းတစ်ပိုင်းကို internal လိုသုံးနေတော့ဖုန်းပေါ့ပါးသွားတာပေါ့။ internal memory အလွန်နဲတဲ့ samsaung ace လေးကိုတောင်ကျနော် app 55 ခုတင်သုံးနေပါကြောင်းးး။

ကဲစမယ် Software တစ်ခုက Computer မှာ Partition ပိုင်းဖို့ပါ။ကွန်ပျုတာနဲ့မပိုင်းချင်ရင်တော့ Aparted ဆိုတဲ့ Apk နဲ့ပိုင်းနည်းကို ညီလေးTayzar Kyaw ပြန်တင်ဖူးပါတယ်။ကျနော်ကတော့မူရင်းလုပ်ခဲ့တဲ့အတိုင်း Computer ကနေပဲ SD Card ကနေ Partition ပိုင်းပြပါ့မယ်။

ဒုတိယတစ်ခုကတော့ APK ပေါ့ Partition ပိုင်းပြီးရင် Internal အတွက်ချန်ထားတဲ့အထဲကိုရွှေ့ပေးဖို့ Link 2 SD Apk ပါပဲ။

လိုအပ်တာတွေဒေါင်းနိုင်ဖို့ပါ တင်ပေးလိုက်ပါတယ်။ လုပ်နည်းကတော့ပုံလေးတွေကြည့်လိုက်ပါ။
အဆင်ပြေမှာပါ။
 



ပုံတွေမှာ နံပါတ်လေးတွေ တပ်ထားပေးပါတယ်....
 (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်ပါ) 



























Minipartition tool.exe ဒေါင်းရန်

Link 2SD Apk ဒေါင်းရန်
Previous
Next Post »

??????????????????????